လူထုအကျိုးပြုလုပ်ငန်းများ

ကျွန်ုပ်တို့၏လုပ်ငန်းသည် Hybrid Model (Social Enterprise Approach) ကိုအသုံးပြုထားပြီး အဓိကအားဖြင့် သင်တန်းများမှ ဝင်ငွေများကို အခြေခံကာ တခြားလူမှုအဖွဲ့အစည်းများနှင့်ပေါင်းစပ်ကာ လူမှုအကျိုးပြုအစီအစဉ်များကိုဆောင်ရွက်ခဲ့ပါသည်။

ဆောင်ရွက်ခဲ့သော Activities များ

Children Friendly Space
Community

Children Friendly Space

အိုင်တီစီကာတွင် ပညာသင်ယူခဲ့သော တပည့်များ၏ အသင်းအဖွဲ့ဆိုင်ရာဦးဆောင်နိုင်မှုနှင့် ခေါင်းဆောင်စွမ်းရည်၊ အသင်းအဖွဲ့နှင့်ဆောင်ရွက်နိုင်စွမ်းကို မှတ်ကျောက်တင်နိုင်ရန်နှင့် လက်တွေ့ဆောင်ရွက်ရန် Children Friendly Space ကို Own fund ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

📅 ဇန်နဝါရီ ၂၀၂၃ - မတ် ၂၀၂၃
📍 စစ်တွေမြို့၊ ရခိုင်ပြည်နယ်
👥 ကလေး ၁၅၀ ဦး
View Details
Food Support
Community Support

စားနက်ရိက္ခာထောက်ပံ့ခြင်း

လုပ်ငန်း၏ own fund နှင့် သင်တန်းသားများ၏ ထည့်ဝင်မှုများဖြင့် ရခိုင် ဒုက္ခသည်စခန်းများကို ဆန်၊ ဆီး၊ ဆားအပါအဝင် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို အခါအားလျော်စွာ ထောက်ပံ့ပေးခဲ့သည်။

📅 ဒီဇင်ဘာ ၂၀၂၂ - ဖေဖော်ဝါရီ ၂၀၂၃
📍 စစ်တွေမြို့ စစ်ဘေးရှောင်စခန်းများ
👥 မိသားစု ၂၅၀ စု
View Details
Free Computer Training
Education

အခမဲ့ကွန်ပျူတာ သင်တန်းများဖွင့်လှစ်ခြင်း

ဒေသအတွင်းလူငယ်များအတွက် အိုင်တီဆိုင်ရာနည်းပညာများသင်ယူရာတွင် ငွေကြေးအခက်အခဲရှိသူများအတွက် အခမဲ့ပညာဒါနအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

📅 မေ ၂၀၂၃ - ဇူလိုင် ၂၀၂၃
📍 အိုင်တီစီကာ သင်တန်းကျောင်း၊ စစ်တွေ
👥 လူငယ် ၁၂၀ ဦး
View Details
Collaboration
Training & Collaboration

ပူးပေါင်းဆောင်ရွက်မှု

လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် လိုအပ်သော စွမ်းရည်များရှိစေရန် တခြားလူမှုအဖွဲ့အစည်းများနှင့် ပေါင်းစပ်ကာ အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများကို ပို့ချပေးခဲ့သည်။

📅 စက်တင်ဘာ ၂၀၂၂ - နိုဝင်ဘာ ၂၀၂၂
📍 စစ်တွေမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ
👥 လူငယ် ၉၀ ဦး
View Details
Digital Skills Training
Digital Education

ဒီဂျစ်တယ် တတ်မြောက်ခြင်းသင်တန်း

လူငယ်များအတွက် အလုပ်အကိုင်၊ ပညာရေးနှင့် နေ့စဉ်အသုံးချမှုများတွင် လိုအပ်သော ဒစ်ဂျစ်တယ်နည်းပညာ အခြေခံကျွမ်းကျင်မှုများကို သင်ကြားပို့ချပေးခြင်းဖြစ်သည်။

📅 ဇန်နဝါရီ ၂၀၂၃ - မတ် ၂၀၂၃
📍 အိုင်တီစီကာ သင်တန်းကျောင်း
👥 သင်တန်းသား ၁၀၀ ဦး
View Details
Life Skills Training
Vocational Training

အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ

လူငယ်များအတွက် လိုအပ်သော အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုများကို သင်ကြားပို့ချပေးရန် ရည်ရွယ်သည်။

📅 ဧပြီ ၂၀၂၃ - ဇွန် ၂၀၂၃
📍 ကျေးရွာအခြေပြု သင်တန်းစင်တာများ
👥 လူငယ် ၈၀ ဦး
View Details